သတင်းများ

မြို့နယ်မီးသတ်ဉီးစီးဌာနမှ သောက်သုံးရေလှူဒါန်း
Nov 12,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းနေပြည်သူများ သောက် သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေသောကြောင့် ဝိုင်းမော်မြို့နယ်မီးသတ်ဉီးစီးဌာနမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများကို ယနေ့နံနက် ၈ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရှိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Nov 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာ ကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်အချိန်က နားခိုက် ကျေးရွာအုပ်စု၊ ထမ့်ယမ်း အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့သည်။
မိုးမောက်မြို့တွင် "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်
Nov 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး
Nov 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ရေဖြူမြို့နယ် ကြက်ခြေနီအသင်းတို့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ် ထိန်းချုပ်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ပလောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်  ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ ၌ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ(၃၆၉)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Nov 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ (၃၆၉)ဦးအား ယနေ့ နံနက်(၉)နာရီ အချိန်က ကြံခင်းမြို့ ဒီပင်္ကရာဘုရားတန်ဆောင်း စုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်
Nov 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။