သတင်းများ

ကျွန်းလှမြို့နယ်၌ ကျောင်းအခြေပြု သံဓာတ်အားတိုးဆေး တိုက်ကျွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Aug 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးခြင်း (Table Talk Simulation)နှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Aug 14,2022
ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးခြင်း (Table Talk Simulation) နှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာ အထက်တန်း (ဘာဘူကုန်း)ကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီက “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီးကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Aug 14,2022
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ (၄)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့၊အ-မ-က ( က) ရပ်ကွက်ကျောင်း၌ ကျင်းပြုလုပ်ကြောင်း သိရသည်။
မိုင်းယောင်း၌ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီ သည် နမ့်ခပ်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြောင်မြို့တွင် ပထမအကြိမ် ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေး
Aug 14,2022
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးများ တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့က မြောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။