မြောင် ဩဂုတ် ၁၄
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးများ တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့က မြောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျောင်းကျန်းမာရေးအကြောင်း သိကောင်းစရာနှင့် သန်ချဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့မရဲစခမ်းမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်