သတင်းများ

ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ရွေးကောက်ပွဲမဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း မှ ယမန်နေ့ နေ့လယ်ပိုင်းက လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာသို့ ရွေးကောက်ပွဲ မဲစာရင်းများပြုစုရာတွင် အခြေခံလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေ ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ရှေ့ပြေး စီမံချက်စာရင်းအရ ပြုစုပေးပို့လာသည့် စာရင်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ရှမ်းရွာသစ်မြို့၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်
Aug 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ငပြောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးလျက်ရှိရာ(၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်
Aug 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃-ခုနှစ် ဘဏ္ဍာနှစ်၌ ငပြောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းပေးလျက်ရှိရာ (၈၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းဆေးပညာဖြင့် နယ်လှည့်ကွင်းဆင်း အခမဲ့ကုသခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်နှင်းထိုက်တိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်ကွင်းဆင်း အခမဲ့ဆေးကုသခြင်းကို ဗောဓိရိပ်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် မိုးကြိုးဘေးသင့် မိသားစုဝင်အား ထောက်ပံ့ငွေများပေးအပ်
Aug 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာတွင်   မိုးကြိုးထိမှန်သေဆုံးခဲ့ သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို 
ကျိုက်လတ်မြို့၌ ဝါခေါင်လပြည့်နေ့ (ဝါတွင်းကာလ) ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀) ကျော်အား အရုဏ်ဆွမ်းလောင်းလှူ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀)ကျော်အား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ ဝါခေါင်လပြည့်နေ့ (ဝါတွင်းကာလ) နံနက်အရုဏ်တက်ချိန်၊ အမှတ် (၄) ရပ်ကွက်၊ ၈×၉ ဦးစန္ဒာလမ်းရှိ ကြာသပတေး သံဃာ့ဒါနဆွမ်းလောင်းအသင်း၌ အလှူရှင်များက လှူဒါန်းကုသိုလ်ပြု ခဲ့ကြသည်။
မြိတ်မြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်
Aug 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြတ်မြို့တွင်ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ် (မြိတ်)မှ ကြီးမှူးဖွင့်လှစ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး
Aug 12,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် သြဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက  အခြေခံပညာ အထက်တန်း ကျောင်း(စဉ့်ကူး)၌ ဆောင်ရွက်ခဲ့သည်။