တောင်ကြီး သြဂုတ် ၁၄
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ (၄)နာရီက တောင်ကြီးမြို့ ပြည်နယ် လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး စစ်တုရင် နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ လူငယ်(၁၈)နှစ် အောက်တစ် ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော တောင်ကြီးအသင်းမှ ရဲမင်းခန့်အား ငွေသားဆုကျပ် (၅)သောင်း၊ တတိယဆုရရှိသော လားရှိုးအသင်းမှ အောင်နိုင်ထွန်းအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁)သိန်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှလည်းကောင်း၊ ဒုတိယဆုရရှိသော လားရှိုးအသင်းမှ သီဟဇော်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း(၅)သောင်း၊ ပထမဆုရရှိသော လားရှိုးအသင်းမှ အောင်ကောင်းပြည့်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော လွိုင်လင်အသင်းမှ မအေးချမ်းပြည့်ဖြိုးအား ငွေသားကျပ်(၅)သောင်း၊ တတိယဆုရရှိသော လွိုင်လင်အသင်းမှ မသော်သော်ဇင်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်းကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော လွိုင်လင် အသင်းမှ ခင်ငြိမ်းစံအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း(၅)သောင်း၊ ပထမဆုရရှိသော လွိုင်လင် အသင်းမှ မနီနီဝင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား (၂၅)နှစ်အောက် တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လားရှိုးအသင်းမှ မောင်ကျော်ဇင်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်း ၊ ပထမဆုရရှိသော လင်းခေးအသင်းမှ မောင်စိုင်းဆိုင်လိုင်းမွမ်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)တို့ကို ပြည်နယ်လူမှုရေးဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား အလွတ်တန်း တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော တာချီလိတ်အသင်းမှ ဖြိုးမင်းဦးအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်း၊ ပထမဆုရရှိသောတောင်ကြီးအသင်းမှ မိုးဇော်ဦးအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်း တို့ကို ပြည်နယ်သယံဇာတဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား(၁၈)နှစ်အောက် အသင်းလိုက် စစ်တုရင်ပြိုင်ပွဲ တွင် တတိယဆုရရှိသော လွိုင်လင်အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁)သိန်း(၅)သောင်း၊ ဒုတိယဆု ရရှိသော တောင်ကြီးအသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၂)သိန်း(၅) သောင်း၊ ပထမဆုရရှိသော လားရှိုးအသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၄)သိန်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်း၊ ဒုတိယဆုရရှိသော တောင်ကြီးအသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်း၊ ပထမဆုရရှိသော လွိုင်လင် အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သိန်းတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ လည်းကောင်း၊ အလွတ်တန်း အမျိုးသားအသင်း လိုက် စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသော လားရှိုး အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်း၊ ဒုတိယဆုရရှိသော လွိုင်လင်အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်း၊ ပထမဆုရရှိသော တောင်ကြီး အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းနှင့် ပထမဆုရရှိသော လွိုင်လင်ခရိုင်အသင်းနှင့် လားရှိုးခရိုင် အသင်းတို့အား တံခွန်စိုက်ဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျား(၁၀)သင်း၊ မ(၇)သင်း ပြိုင်ပွဲဝင်စုစုပေါင်း ဦးရေ(၁၀၁)ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ပအိုဝ်းနှင့်ဓနုဒေသတို့မှ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရ သည်။
မောင်မောင်သန်း(တောင်ကြီး)