သတင်းများ

မိုင်းယုမြိုရှိ နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန် ကွင်းဆင်းအသိပညာပေး
Aug 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုနယ်၊ မိုင်းယုမြို့တွင် နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာအနီးရှိ တောင်သူဦးကိုစိုင်း၏ ယာခင်းရှိနေကြာစမ်းသပ်စိုက်ကွင်းသို့ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက တောင်သူများကို ကွင်းဆင်းအသိပညာပေးခဲ့သည်။
ဖြူးမြို့နယ် Community Centre တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားစေသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပြည်သူများ သိရှိစေရေးအတွက် ရည်ရွယ်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကြွက်အန္တရာယ်ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲပြုလုပ်
Aug 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ကျမိုင်းကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီက ဒေသခံတောင်သူများ ကြွက်အန္တရာယ်ကြိုတင်ကာကွယ်နှိမ်နင်း နိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Aug 12,2022
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား (၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ပုဏ္ဏားကျွန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Aug 12,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့နယ်တွင် ကလေးငယ်မျးအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများတိုက်ကျွေး
Aug 12,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊ ဗီတာမင်ဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးမာရေးဌာနအတွင်း၌ တိုက်ကျွေးကြောင်းသိရသည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သွားတိုက်ဆေးရောင်းချနေသော ဆိုင်များ လိုက်လံစစ်ဆေး
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်း က ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ သွားတိုက်ဆေးရောင်းချနေသော ဆိုင်များရှိသွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်း ရှိမရှိစျေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ကျောင်းသူ/သားများဉာဏ်ရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်
Aug 12,2022
တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။