ကျွန်းလှ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများ ပူးပေါင်းပြီး အသက် ၁၂ နှစ်အထက် အထက်ကျောင်းသူများအား သံဓာတ်အတိုးဆေးတိုက်ကျွေးခြင်း၊ KG တန်းမှ မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသက် ၅ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ထို့အပြင် ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး အထိမ်းအမှတ် “ကျန်းမာပျော်ရွှင် ပညာသင်”ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိင်ပွဲ ကျင်းပကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ