မိုင်းယောင်း ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီ သည် နမ့်ခပ်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။
နမ့်ခပ်ချောင်းအတွင်း မိုးရာသီကာလ မိုးများရွာသွန်းချိန် တောင်ကျရေများနှင့် အတူ အမှိုက် သရိုက်များ၊ သစ်တုံးသစ်ကိုင်းများ ပိတ်ဆို့နေတတ်ပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ပြည်သူများအန္တရာယ် ကင်းရှင်းစေ ရေးအတွက် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်၊ မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ စည်ပင်သာယာ ရေးဌာန မြို့နယ်ဦးစီးမှူး ဦးအားထူယာတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ နမ့်ခပ်ချောင်း ရေစီးရေလာ ကောင်းမွန် စေရေးအတွက် စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စိုင်းအောင်ဇော်လင်း