ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာ အထက်တန်း (ဘာဘူကုန်း)ကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီက “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့လွင်က ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက် များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ဆောင်ရွက် နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ကျဉ်ကြရန် စသည့်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်က “ဗလငါးတန် ပြည့်ဝဖို့ စာအုပ်စာပေဖတ်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က “မူးယစ်ဆေးဝါးပပျောက်ရေး အားကစားနှင့်ကုသပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက  လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)