သတင်းများ

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်လံရေးနှင့် ထောက်ပံ့ငွေများပေးအပ်
Aug 12,2022
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၌ သြဂုတ် ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်အသင်း အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ချစ်နိုင် (စိတ်ပညာ)၏ “အချိန်ကို အသုံးချနည်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်
Aug 12,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “အချိန်ကို အသုံးချနည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ ပါမူကျေးရွာ၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၇၅ ဒဿမ ၄၅ ကျပ်သန်းဖြင့် အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်
Aug 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ပါမူကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာပညာသင်ကြား၊ သင်ယူနိုင်ရေးအတွက် မူလတန်းကျောင်းဆောင်သစ်ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ (၁၈,၄၅၀,၀၀၀) ကျပ် ဆက်လက်ထုတ်ချေးပေး
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ များအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေး ပေးနေလျက်ရှိသည်။
နမ့်ဆန်မြို့နယ် ဟိုနမ့်ကျေးရွာတွင် ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟောပြောပွဲပြုလုပ်
Aug 12,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာလူထုပူးပေါင်းပါဝင်သော ကျေးရွာများတည်ဆောက်ခြင်း စီမံကိန်းဝန်ထမ်းတို့နှင့်ပူးပေါင်း၍ စာကြည့်တိုက်အသိပညာပေးခြင်းနှင့် အမျိုးသမီးများဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း၏ လူမှုအကျိုးပြု လှုပ်ရှားမှုဆိုင်ရာ သိကောင်းစရာ အသိပညာပေး TALK SHOW ဆောင်ရွက်
Aug 12,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လူမှုအကျိုးပြုလှုပ်ရှားမှုဆိုင်ရာ သိကောင်းစရာ အသိပညာပေး (TALK SHOW) ကို ယမန်နေ့ နံနက် ၁၀ နာရီ ကျင်းပသည်။
မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများဆောင်ရွက်
Aug 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်း​ရေး​ဆေးရုံ ဝန်ထမ်းအိမ်ရာများ၌ သွေးလွန်တုပ်ကွေး ​ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။