သတင်းများ

ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် အသိပညာပေးပိုစတာပြသ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူစည်ကားရာနေရာဖြစ်သည့် ကားဂိတ်အနီး တွင် ရေဘေးအန္တရာယ် အသိပညာပေး ပိုစတာပြသထားခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်သူများစိတ်ပါဝင်စားစွာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်
Aug 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုး သူများအသင်း(Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေး
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီ အလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု (၁၁)စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။
မင်းလှမြို့မ စာသင်တိုက်ဆရာတော်၏ သက်တော်(၄၀)ပြည့် “ဝိဇာတ မင်္ဂလာ အထိမ်းအမှတ်မဂ္ဂဇင်း” ထုတ်ဝေနိုင်ရေး အစည်းဝေးပြုလုပ်
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာဖက်ရုံးလမ်းရှိ မြို့မပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က မြို့မစာသင်တိုက် ဆရာတော်၏ သက်တော်(၄၀)ပြည့် “ဝိဇာတ မင်္ဂလာ အထိမ်းအမှတ်မဂ္ဂဇင်း” ထုတ်ဝေနိုင်ရေး အစည်းဝေးပြုလုပ်ခဲ့သည်။
ကရသူရိမြို့နယ်တွင် ဆီအုန်းသီးဈေးနှုန်းကောင်းမွန်လာသဖြင့် တစ်ပိုင်တစ်နိုင်ဆီအုန်းခြံစိုက်ပျိုးသူပိုများလာ
Aug 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်ပင်စိုက်ပျိုးမှုများထဲမှ ယခုနှစ် ရာသီတွင်ဆီအုန်းသီးဈေးနှုန်းကောင်း မွန်လာ၍  တစ်ပိုင်တစ်နိုင် ဆီအုန်းပင်ကိုပိုမိုစိုက်ပျိုးလာကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ၌ တစ်မိုးနှစ်သီးစိုက်ပုံစံစိုက်ကွင်း ပထမသီးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာရှိ ကွင်းအမှတ် (၂၄၇)၊ ဦးပိုင်အမှတ် (၂၀/၂၊ ၂၁/၃၊ ၂၉/၁၊ ၃၀/၃) ရှိ တောင်သူ ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီးစိုက်ပုံစံ မိုးစပါးပထမသီး စိုက်ပျိုးထားသော လယ်မြေ (၁၆၂)ဧကတွင် စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၁၁) နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Aug 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community  Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင် အုပ်ချူပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက လေးမျက်နှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။