မအူပင် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးဝင်မှ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ညွန့်မှ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)ဦးစောသောင်းဒန်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) ဒေါ်သူဇာသန်းမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)