မြောင်းမြ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး (၁၀၀) အား အခမဲ့ဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့၏ လူစည်ကားရာနေရာဖြစ်သည့် မြကန်သာပန်းခြံလမ်းဆုံ၊ ဦးဘဦးလမ်းမကြီး၊ ဆောက်လုပ်ရေးအင်ဂျင်နီယာဦးစီးရုံးရှေ့များ၌ အမှတ် (၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြောင်းမြ) မှ တပ်ဖွဲ့စုမှူး ရဲသုံးမှူး မြင့်လွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာ ပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးစိုးနိုင်၊ မြောင်းမြ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)