ငပုတော ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၆၆/ခ)၊ ဦးပိုင်အမှတ်(၇/၁၄)ရှိတောင်သူဒေါ်စန်းစန်းဦး၏ လယ်မြေ (၁၀.၀၀) ဧကတွင် ပေါ်ဆန်းရင် (RS-CS) မျိုးသန့်ထုတ်စိုက်ခင်း စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါစုပေါင်းစိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးတိုးမြှင့်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်၍ စုပေါင်းစိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)