ကျောက်တော် မတ် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်းတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆ လ ဘတ်ဂျတ်) ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကျေးရွာ (၄)ရွာ အနက်ကာလအတွင်း စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် လမ်းမတော်ကျေးရွာ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၁၀၀) ရာခိုင်နှုန်းပြီးစီးမှု အခြေ အနေများအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး(နည်းပညာ)နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ (VDP) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း လမ်းအရှည် ၈၁၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်ခိုင်ဇော် လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးလက်နေ ဒေသခံကျေးရွာ၊ ကျေးရွာသားများမှ ကွန်ကရစ်လမ်းအား ရေရှည်ပြုပြင်ထိန်းသိမ်းရေး အစီစဉ်များကို ကျေးရွာကော်မတီဝင်များနှင့်ပေါင်းစပ် အကြံပြု ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အဆိုပါ ကျေးရွာတွင်း လမ်းခင်း ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်(၁၀.၀၀)သန်း၊ ကျေးရွာမှထည့်ဝင် ငွေကျပ် (၃.၀၀)သန်း စုစုပေါင်းကုန်ကျငွေ ကျပ်သန်း(၁၃.၀၀)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းမတော် ကျေးရွာနှင့်ရွာနီးစပ် ကျေးရွာများမှ အိမ်ခြေ(၅၅၀)စု၊ လူဦးရေ(၃၁၀၉)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပမ်းဆက်သွယ်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။
ခင်မောင်ထွန်း