ဂွမြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများသိရှိစေရေး အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်
Mar 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာ၀ဘေး ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်သတင်းနှင့် အသိပညာပေး ဆပ်ကော်မတီမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် သတိပေးချက်အား ပြည်သူများ သိရှိစေရေးနှင့် ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများအား ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းများတွင် မြို့ပေါ်ရပ်ကွက်များ၊ ရဟိုင်ကူးတို့ကျေးရွာနှင့် ကမ်းခြေဦးတို့သို့ သွားရောက်ကာ ဆောင်ရွက် ခဲ့ကြသည်။