မော်လမြိုင်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မီးသတ်ဦးစီးဌာနမှ အသင့်စုဖွဲ့ပြင်ဆင်ထားရှိ

မော်လမြိုင်  မတ်   ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာ‌ဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများ အနေဖြင့် မုန်တိုင်း ကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦ များတွင် အရေးကြီး စာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင် သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ/နွား တိရစ္ဆာန်များ လေမိုးလွတ်ရာ နေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က အသိပေး နှိုးဆော်ထားပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်းကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုး‌ကျော်သူ ထံမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)