တောင်ငူ၌ အရေးပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

တောင်ငူ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အဆိုပါဦးစီးဌာနဝန်းအတွင်း၌ မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးက ယ​နေ့နံနက်ပိုင်းက ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

ထို့သို့လေ့ကျင့်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဌေးက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  စနစ်တကျလုပ်ဆောင်ရမည့်အချက်များ၊ ဆက်စပ်ပစ္စည်းများ အသုံးဝင်မည့် အချက်များနှင့် ရေဘေး၊ မီးဘေး၊ လေဘေး၊  ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းပြော​ကြားပြီး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်ငူခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်(၃၁) ဦး၊ မီးငြိမ်းသတ်ယာဉ် ၇ စီး ရေသယ်ယာဉ် ၂ စီး အထောက်အကူပြုယာဉ် ၃ စီး၊  ​ရှာကင်  ၂ စီး ၊ လူနာတင်ယာဉ် ၁ စီး၊  လှေကားတင်ယာဉ်၁ စီး၊  အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် စီမံဆောင်ရွက်ထားလျှက်ရှိပြီး မြို့နယ်အတွင်း သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)