နတ်တလင်းမြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား လိုက်လံအသိပေး နှိုးဆော်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။