နမ့်ခမ်း မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်လာမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၇)နှစ်မြောက် တပ်မတော် နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခမ်းမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့တွင်း လူစည်ကားရာနေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ မြို့တွင်း လူစည်ကားရာ လမ်းမလမ်းဆုံများ၊ မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် တပ်မတော်နေ့ အကြောင်း သိကောင်းစရာ များကို လေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့သည်။
ဖြန့်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်မှ ၂၀၂၁-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့မှ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၏ ဖွင့်ဆိုချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇- ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် ကဗျာများစသည့်သိကောင်းစရာများ ပါဝင်ကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)