“အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်

မူဆယ် မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ချယ်ရီအစည်းအဝေးခန်းမ၌  အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်သက်မှ သစ်တောများသည်  လူတို့၏  အစားအစား၊ ခိုလှုံရာ ရာဖြစ်ပြီး သစ်တောပေါ်မှာ တိုက်ရိုက်မှီခိုကြကြောင်း၊ သစ်တောများ ရေရှည်တည်တံရေး၊ သစ်တောများသည် သက်ရှိမျိုးစိတ်များ၏ မရှိမဖြစ် လိုအပ်မှုရှိကြောင်း စသည့် အကြောင်းအရာများကို ပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးစည်သူ အေးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International day of forest) နှင့် ပက်သက်၍  သစ်တောများသည် ရာသီဥတုပြောင်းလဲမှုအပေါ်  ဖြေရှင်းရာတွင် အရေးပါ ကြောင်း၊ သစ်တောများ ရှင်သန်ထက်မြက်နေစေရန် မိမိတို့ဘက်မှ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်  အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International day of forest)  Video file အား ပြသခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများက စိတ်ဝင်းတစားကြည့်ရှုကာ သစ်တောများနှင့် ပက်သက်သော အပင်များနှင့် မျိုးစိတ်များကိုလည်း လိုက်လံပြသခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)