သဲကုန်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) ဆနှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲက ယနေ့နနံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်၊ မြန်မာ့ ရိုးရာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စဉ်းစားတွေးခေါ်တတ်ရန်၊ ပူးပေါင်း ဆောင်ရွက် တတ်ရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်းအား သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် လူတော်လူကောင်းများ ဖြစ်စေရန် ပညာနှင့်ပါ ပေတတ်မြောက်ရန်လိုကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ အ..မ.ကရပ်ကွက်(၁)၊ အ.မ.ကထန်းရင်း၊ အ.မ.က တည်သီးပြင်၊ အ.ထ.က သဲကုန်းကျောင်းတို့မှ မူလတန်းကျောင်းသား ကျောင်းသူ(၁၈)ဦး၊ အလယ်တန်းကျောင်းသားကျောင်းသူ (၆)ဦးစုစုပေါင်း(၂၄)ဦး ဝင်ရောက် ယှဉ်ပြိုင် ကြသည်။
ထို့နောက်တက်ရောက်လာသော ကလေးများအား စာကြည့်တိုက်မှူး ဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့် ပုံပြော၍ ကလေးများအား လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးမှ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး