ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ကျင်းပ

ပင်းတယ မတ် ၂၁

ရှမ်းပြည်နယ်(​တောင်ပိုင်း)ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ် ၂၁ ရက် မနက်ပိုင်းက (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို အဖြစ်က​လေးများအားပုံပြင်​ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပျော်ရွှင်စရာအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် က​​လေးများကို အ​တွေးအမြင် ဗဟုသုတရ​စေမည့် ပုံပြင်များ​ပြောပြ​ပေးခဲ့ပြီး ကလေးများ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များတွင် မူလတန်းကျောင်းသားကျောင်းသူများက ဆေးရောင်ခြယ်ခြင်းကို တပျော်တပါး ပါဝင်ဆင်နွှဲသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အဆင့်ရုံး (ပင်းတယ)မှ တပ်မတော်နေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပင်းတယ​(ပြန်/ဆက်)