လိပ်သို မတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပြန်လည်စတင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ယခင်လများက ရော်ဘာပင်များအရွက်ကြွေ၍ အရွက်နုများ ပြန်ထွက်လာခြင်းကြောင့် ရော်ဘာအစေးလှီးခြင်း လုပ်ငန်းကို ခေတ္တရပ်နား ထားပြီး ယခုအခါ ပြန်လည်စတင်ဆောင်ရွက်နေပြီသည်။
ရရှိလာသောရော်ဘာပြားများကို မိမိတို့ကျေးရွာရှိ ဝယ်ယူသူများ၊ တောင်ငူမြို့ရှိ ရော်ဘာအဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျှက်ရှိပြီး ရော်ဘာပြားအရည်အသွေးပေါ်မူတည်၍ တစ်ပေါင်ကို ကျပ် ၁၀၀၀ မှ ကျပ် ၁၁၀၀ ခန့် အထိဈေးရရှိရာ ရော်ဘာစိုက်ပျိုးသူတောင်သူ များနှင့် အစေးလှီးထုတ်လုပ်ပေးသူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နီလာအေး