ညောင်လေးပင် မတ် ၂၁
အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာနမှလူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစားစိတ်ပါ၀င်စားသည့် ကစားသမားများအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံအားကစားနည်းစနစ်များအား စနစ်တကျတတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံးဖြိုးတိုးတက်လာစေရန် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် အခြေခံအားကစားနည်းသင်တန်း(၆) နည်း ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
အဆိုပါအားကစားသင်တန်းများတွင် ဘောလုံးသင်တန်းအားမြို့နယ်အားကစားကွင်းတွင်လည်းကောင်း၊ ကြက်တောင် သင်တန်းအားမြို့မ(၁)အာဇာနည်းလမ်းတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းသင်တန်းအား မြို့မ(၅)ရပ်ကွက် တွင်လည်းကောင်း၊ စစ်တုရင်၊ ကရာတေးဒိုနှင့်အေးရိုးဗစ်သင်တန်းများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတို့တွင်နည်းပြဆရာ (၆)ဦးဖြင့်မတ်လ ၂၀ ရက်မှဧပြီလ ၂ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စန်းစန်းအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)