မိုင်းငေါ့မြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မိုင်းငေါ့ မတ် ၂၁

 ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လည် (၁၂) နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်း‌ ကျောင်းတွင်  လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ် လူရွယ်များ  အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်းစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ စာပေ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခုလို လူ‌ငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး “လူငယ်နဲ့ပေါင်းသင်းဆက်ဆံ‌ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်က “လူငယ်နဲ့ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမဒေါ်နန်းထွေးလင်းကြည်က “လူငယ်နဲ့စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်‌မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 အဆိုပါဟောပြောပွဲသို့ မိုင်းငေါ့အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများနှင့် အလယ်တန်း ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြင့်သွယ်