ကျောက်ပန်းတောင်း မတ် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ ယနေ့ နံနက်(၉) နာရီက ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများကဈေး ဆိုင်တန်းများနှင့် ကျောင်းသားကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ငယ်တွင် ကာကွယ်စောင့်ရှောက် သွားမည်သာ ဥယျော ဇဉ်စကား၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ (၇၆)နှစ်မြောက် တပ်မ တော်နေ့စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်နှင့် (၂၇-၃-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ) စိုးမိုး(ပုသိမ်) ရေးသားသည့်နွေအလှ ကဗျာ၊တပ်မတော်ဆိုင်ရာ ဆောင်ပုဒ်များ စုံလင်စွာပါရှိကြောင်းသိရပြီး၊ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ကျောင်းနှင့်ဈေးဝန်းကျင်ရှိ ဈေးဆိုင်တန်းများမှ ပြည်သူများထံ စုစုပေါင်းလက်ကမ်းစာစောင်(၂၈၄)စောင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)