ဝါးခယ်မ မတ် ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆက်ကပ်လှူဒါန်းအပ်သော အဘိဓဇ္ဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံကျောင်းဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမန မဟာထေရ်မြတ်အား ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ သီတင်းသုံးဆောင်ရာ စက်ရုံဓမ္မရိပ်သာ၊ ကျုံမငေးမြို့သို့ လှည့်လည်အပူဇော်ခံဂုဏ်ပြုကြိုဆိုပွဲအား ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ လှည့်လည်အပူဇော်ခံ ဂုဏ်ပြုကြိုဆိုပွဲအား ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွားစေရန်နှင့် မဂ်ဖိုလ် နိဗ္ဗာန်ရရန် အကျိုးကို ရည်ရွယ်၍ ဘုရားအမှူးရှိသော ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆပ်ကပ်လှူဒါန်း၍ တရားတော်မြတ်များ နာယူခဲ့ကြပြီးဝါးခယ် မမြို့နှင့် ကျုံမငေး မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာ ပြည်သူများက စည်ကားသိုက်မြိုက်စွာ ကြိုဆို ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)