သတင်းများ

ကမမောင်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ(၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့ပြည့်သူစာကြည့်တိုက်သို့ လာရောက်သည့်စာငှား၊စာဖတ်သူတို့ကို ဖြန့်ဝေပေးအပ်ခဲ့သည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား အစိုးရဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာ ငွေများ ထုတ်ပေးခြင်းကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ၌ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 23,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
နောင်တရားမြို့ အ.ထ.ကကျောင်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြော
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
လှိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉:၃၀အချိန်က မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြည်သူများအား သွားရောက် ဖြန့်ဝေခဲ့သည်။
နောင်တရားမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်း အဖြစ်ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
လပွတ္တာခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် အာစနီမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုထောက်ပံ့မှုများ ပေးအပ်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ယမန်နေ့က တိုက်ခတ်ခဲ့သော အာစနီ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု့များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်နှင့်အဖွဲ့မှ ရွှေနဒီ ရေပေါ်စျေးနှင့် မြို့တွင်းအား ယမန်နေ့ ညနေ (၅)နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။
မိုင်းရယ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။