မယ်စဲ့ မတ် ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက အိုမီခရွန် မျိုးကွဲသစ် ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေမှု အနေအထားတွင် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရခြင်းမရှိအောင် ကိုဗစ်-၁၉ စည်းကမ်းများ၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်ပြုမှု လိုက်နာဆောင်ရွက်ရန်လိုကြောင်းနှင့် မလိုက်နာပါ သဘာဝဘေး အန္တရာယ် ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြုဆရာ ဒေါ်နန်းဝင်းကြည်က ပိုးတွေ့လူနာများအား သက်ဆိုင်ရာ Quarantine Centre ၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ရေရှည် အတွက် အကောင်းဆုံးနည်းလမ်းများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)