လပွတ္တာခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် အာစနီမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုထောက်ပံ့မှုများ ပေးအပ်

လပွတ္တာ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ယမန်နေ့က တိုက်ခတ်ခဲ့သော အာစနီ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု့များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်နှင့်အဖွဲ့မှ ရွှေနဒီ ရေပေါ်စျေးနှင့် မြို့တွင်းအား ယမန်နေ့ ညနေ (၅)နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။

အဆိုပါ အာစနီ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပွားခဲ့ရာ လပွတ္တာ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉)စုမှလူနေ အိမ်ထောင်စု (၆၄)စု၊ ဌာနအဆောက်အဦ(၄)ခု ပျက်စီးခဲ့ပြီး၊ လူဦးရေ (၂၅၄)ဦး သဘာဝဘေးဒဏ် ခံစားခဲ့ရသည်။ ပြင်စလူမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁)စု၊ လူနေအိမ်(၁)လုံး၊ ဌာန(၁)ခု၊ ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ခန့်မှန်း စုစုပေါင်း တန်ဖိုးငွေ  (၂၄၀၅၀၀၀၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။

လပွတ္တာ ခရိုင်(ပြန်ဆက်)