ကျောင်းကုန်းမြို့နယ်တွင် မုန်တိုင်းကြောင့် ယာယီရပ်နားထားသော စာမေးပွဲဆက်လက်ဖြေဆိုသွားမည်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ဖြေဆိုလျက်ရှိသော Grade 9, Grade 11 စာမေးပွဲများအား လက်ရှိအာစနီမုန်တိုင်းအခြေအနေကြောင့် မတ်လ ၂၂ ရက်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံး ယာယီပိတ်ထားရာမှ မတ်လ ၂၅/၂၆ ရက်နေ့တွင် ပြန်လည်ဖြေဆိုကြရမည်ဟု တိုင်းဒေသကြီးပညာရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။