လှိုင် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉:၃၀အချိန်က မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြည်သူများအား သွားရောက် ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း (၁၂)ရပ်၊ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် ကဗျာ အစရှိသည်များ ထည့်သွင်းဖော်ပြထားပြီး၊ ၂၀၂၂ခုနှစ် မတ်လ (၂၇)ရက် နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ထုတ်ဝေထားသည်။
လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင်