သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း(PILOT PROJECT) ဖြစ်သည့် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ တွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့၌ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီး
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝှမ်း မတ်လ၂၃ ရက်နေ့ တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ယနေ့တွင် အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး စာသင်နှစ် တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
မြို့သစ်တွင် ခရမ်းချဉ်သီးများ ဈေးကျဆင်းလာ၍ တောင်သူများ အခက်ကြုံနေ
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
ကရသူရိမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀နာရီက အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်​နေ့က  ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  ဖြန့်ဝေပေးခဲ့သည်။
ကလောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျေးရွာအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 23,2022
ကိုဗစ်-၁၉ ရောဂါ ကူးစပ်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covid Shield ကို ကလောမြို့နယ်အတွင်းရှိ စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လမိုင်း ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 23,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့်နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊လမ်းခွနေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ကျိုက်ထိုမြိုနယ်တွင် အဌမတန်း နှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်တွင် ကျောင်းသား၊ ကျောင်းသူ များဖြေဆိုပြီးစီး
Mar 23,2022
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း နှစ်ဆုံး စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြေဆို ပြီးစီးလျက်ရှိ ကြောင်းသိရသည်။