သတင်းများ

တောင်ငူ၌ နွေစပါးစိုက်ပျိုးမှု လျာထားချက်ထက်ကျော်လွန်စိုက်ပျိုး ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားချက်ထက် ၁၁၃၀ ဧကကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ
Mar 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကြိုတင် ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့် တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာနနှင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်းကာ ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်၊ ဟေမဝန် ဓမ္မာရုံတို့၌  ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် မုန်တိုင်းအန္တရာယ် သတိပေးထုတ်ပြန်ချက်များ လိုက်လံနှိုးဆော်
Mar 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူး‌ပေါင်း၍ ပြည်သူများအား မုန်တိုင်းအန္တရယ် ကြိုတင်ကာကွယ်ရေး သတိပေးထုတ်ပြန်ချက်များအား ယမန်နေ့ နံနက်ပိုင်းကစ၍ လူစည်ကားရာနေရာများနှင့် အတ္တရံမြစ်ကမ်းနား တစ်လျှောက်တို့၌ အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော် လျက်ရှိသည်။
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ခံထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မတ်လ(၂၂)ရက်၊ နံနက်(၉) နာရီအချိန်က  တောင်သာမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး)နှင့် ဝန်ထမ်းများက  လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား/
အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတိဓာတ်ရှင်သန်‌ရေး အသိပညာပေးဟောပြော
Mar 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီက အထက(၁)တွင် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်‌ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အထက် တန်း‌ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်‌ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Physical Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Physical Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။