ကမမောင်း မတ်လ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ(၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့ပြည့်သူစာကြည့်တိုက်သို့ လာရောက်သည့်စာငှား၊စာဖတ်သူတို့ကို ဖြန့်ဝေပေးအပ်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ ၊အသက် သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ ပါဝင်ကူညီ၊ တပ်မတော်၏အစဉ်အလာ(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၁ ရက်နေ့ ( ၇၆ )နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ နွေအလှ၊ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်စသည့် ခေါင်းစဉ်များပါဝင် ကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)