နောင်တရားမြို့ အ.ထ.ကကျောင်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြော

နောင်တရား မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအကြောင်းကိုလည်းကောင်း၊ နောင်တရားမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်မြင့်မှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ အကြောင်းကိုလည်းကောင်း၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးခွန်အောင်ဟန်က လူငယ်နှင့်အကျင့်စာရိတ္တ ကောင်းမွန်ရေးအကြောင်း ကိုလည်းကောင်း ဟောပြောဆွေးနွေးသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက် ထားသည်။ အခမ်းအနားသို့ ဆရာဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀၀)ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)