မိုင်းရယ် မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ငွေကြေးထောက်ပံ့ပေးခြင်း အခမ်းအနားတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၈)အုပ်စုတွင်ရှိသည့် ကိုယ်ဝန်ဆောင်နှင့် (၂)နှစ်အောက်ကလေး (၂၁၆၉)ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၉၅၈၉၅၀၀၀/ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပါသည်။ အဆိုပါ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။ မြို့နယ် |