ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား အစိုးရဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ပန်းတနော် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာ ငွေများ ထုတ်ပေးခြင်းကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် မတ်လ(၂၁)ရက်မှ (၃၁)ရက် နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ ညနေ (၃) နာရီအတွင်း ပင်စင်ငွေများကို ထုတ်ပေးလျက်ရှိသည်။ သတ်မှတ်ရက်များ၌  လာရောက် မထုတ်ယူနိုင်သော ပင်စင်စားများအား ဧပြီလဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း  လာရောက်ထုတ်ယူနိုင်ပြီး ပန်းတနော်မြို့ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက် ထုတ် ယူသူ (၁၀၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)