သတင်းများ

ဒေးဒရဲမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု အချိန်မီပြီးစီးရေး ညှိနှိုင်း ဆွေးနွေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး ညှိနှိုင်းအစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ကျန်းမာရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Mar 23,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၁၄၁၉၅ ထိုးပေးနိုင်ပြီဖြစ်
Mar 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၂၁၄၁၉၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်ထံကသိရ သည်။
နမ့်စန်မြို့မ အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီ က အမှတ်(၄) ရပ်ကွက်ရှိ မြို့မ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွင်းဖြေ စာမေးပွဲ ဘာသာစုံ ဖြေဆိုပြီးစီး
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွင်းဖြေ နှစ်ဆုံး စာမေးပွဲများ နောက်ဆုံးနေ့အဖြစ် အထွေထွေသိပ္ပံဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအထိ အေးချမ်းစွာ ဖြေဆိုပြီးစီး ခဲ့ကြောင်းသိရသည်။
သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ
Mar 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင်                            ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်(၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးဂွါဇာလေးဦးဆောင်၍ ဝန်ထမ်းများက ဈေးရောင်း/ဈေးဝယ်သူများ၊ ကုန်စုံဆိုင်များ၊ ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံ အခမဲ့သွားရောက် ဖြန့်ဝေ ပေးခဲ့သည်။