မိုင်းခုတ် မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ကျန်းမာရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူးဒေါ်ယဉ်ယဉ်ဝင်းက ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝမ်ကောင်းကျေးရွာမှ ကျန်းမာရေး ဆရာမ ဒေါ်ကေသီထွန်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဘာကြောင့် ဖြစ်ရသည်ဆိုသည့် အချက်များအား လည်းကောင်း၊ ရောဂါဖြစ်စေသည့် အကြောင်းအရင်းများအားလည်းကောင်း၊ ရောဂါပျံ့နှံ့ပုံ များအား လည်းကောင်း၊ ရောဂါလက္ခဏာများအားလည်းကောင်း၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ရမည့်အချက်များအား လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ် ကာ သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ We Love Mong Khoke Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း