တာချီလိတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွင်းဖြေ စာမေးပွဲ ဘာသာစုံ ဖြေဆိုပြီးစီး

တာချီလိတ် မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွင်းဖြေ နှစ်ဆုံး စာမေးပွဲများ နောက်ဆုံးနေ့အဖြစ် အထွေထွေသိပ္ပံဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအထိ အေးချမ်းစွာ ဖြေဆိုပြီးစီး ခဲ့ကြောင်းသိရသည်။

 “မြန်မာစာဖြေတဲ့ မတ်လ ၁၇ ရက်ကနေ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ သိပ္ပံဘာသာရပ် ဖြေတဲ့နေ့အထိ ဘာသာရပ်အားလုံးကို စိတ်အေးချမ်းစွာနဲ့ ဖြေဆိုခဲ့ရပါတယ်။ ဘာသာရပ်အားလုံးကိုလည်း ကောင်းကောင်းဖြေဆိုနိုင်ခဲ့ပါတယ်”ဟု အထက (တာချီလိတ်) မှ အဌမတန်း (Grade-9)ကျောင်းသား မောင်ကောင်းခန့်ကိုက ပြောသည်။

 တာချီလိတ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၃၀)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း စာရင်းရှိ ကျောင်းသား (၄၈၆၂)ဦး၊ ကျောင်းသူ(၅၂၀၈)ဦး ပေါင်း(၁၀၀၇၀) ဦး ရှိသည့်အနက် နှစ်ဆုံးစာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၄၇၂၀)ဦး၊ ကျောင်းသူ(၅၀၆၄)ဦး စုစုပေါင်း(၉၇၈၄)ဦးရှိသဖြင့် စာမေးပွဲ ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၇ . ၁၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယာဆေး(ပြန်/ဆက်)