ရမည်းသင်းမြို့နယ်၌လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီ ကကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်ရေး၊အကျင့် စာရိတ္တကောင်းမွန် ရေးနှင့် ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။