ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၁၄၁၉၅ ထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၂၁၄၁၉၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်ထံမှ သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် သတ်မှတ်စုရပ် နေရာ (၁၂)နေရာဖြင့် ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမ အကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၈၃၇၉၅ဦး၊ Sinovac ပထမအကြိမ် ၃၈၄၇ဦး၊ Sinovac ဒုတိယအကြိမ် ၃၆၁၁ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၅၄၁၂)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၆၂၉ဦး၊ Phase -7 Covisheld ဒုတိယအကြိမ်(၂၃၁)ဦး၊Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ပထမအကြိမ် ၁၆၈၉ဦး၊ Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin ၂၂၀ဦး၊ Phase -8 Covisheld ပထမ အကြိမ် ၁၃၉၁၅ဦး၊ Phase 8 Sinopharm (၉၀၅)ဦး၊Phae-8 Covaxin ပထမအကြိမ် (၄၀၀)ဦး ထိုးပေးနိုင်ပြီဖြစ်ကာညောင်ဦးမြို့နယ် အနေဖြင့်ကိုဗစ် ကူးစက် ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု၂၁၄၁၉၅ဦး ထိုးပေးနိုင်ပြီဖြစ်ကာ၊ ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန်မလွယ်ကူ သည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ကိုထိန်၊ KPD