ချီဖွေ မတ် ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်(၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးဂွါဇာလေးဦးဆောင်၍ ဝန်ထမ်းများက ဈေးရောင်း/ဈေးဝယ်သူများ၊ ကုန်စုံဆိုင်များ၊ ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံ အခမဲ့သွားရောက် ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်၌ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ ပါဝင်ကူညီ (ဗိုလ်ချုပ်အောင်ဆန်း၁၉၄၇ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်)၊ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ဆေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ စာရေးဆရာ စိုးမိုး(ပုသိမ်)၏ “နွေအလှ” ကဗျာ အစရှိသည့် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကို ပြည်သူများနှင့် ခရီးသွားလာသူများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် သတင်းစကားလက်ကမ်းစာစောင် အစောင်ရေ (၂၅၆) ကိုဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)