နမ့်စန်(တ) မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီ က အမှတ်(၄) ရပ်ကွက်ရှိ မြို့မ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စသည့်ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့ပြီး မြို့မအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးမိုးက လူငယ်များ စိတ်ဓာတ် ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်က ကျောင်းသား ကျောင်းသူများ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေး အန္တရာယ်စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်