ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာဖြေဆို

ရေကြည် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် စာစစ်ဌာန (၉)ခုရှိ ဝင်‌ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၁၂၅၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခုထားရှိ၍ ကျင်းပ ဖြေဆိုလျက်ရှိရာ အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသား/ ကျောင်းသူ (၁၂၅၈)ဦးတို့ အဆိုပါ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)