မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမနေ့) ဖြေဆို

မလှိုင် မတ် ၃၁

မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်ကာ စာစစ်ဌာန(၆)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် အထက(မလှိုင်) ဧရာဝတီ၊ အထက(မြို့သစ်)၊ အထက(ဆည်တို)၊ အထက(မုံပင်)၊ အထက(နှောကန်)၊ အထက(ပန်းအိုင်) စာစစ်ဌာန(၆)ခုဖွင့်လှစ်ထားရှိကာ စာရင်းရှိ အတွင်းဖြေ ကျား(၄၁၄)ဦး၊ မ(၆၀၆)ဦး၊ ပေါင်း(၁၀၂၀)ဦး၊ အပြင်ဖြေ ကျား(၁၆၂)ဦး၊ မ(၂၄၂)ဦး၊ ပေါင်း(၄၀၄)ဦး၊ စုစုပေါင်း(၁၄၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာစာဘာသာရပ်အနေဖြင့် ကျား (၅၁၆)ဦး၊ မ (၇၈၉)ဦး၊ ပေါင်း(၁၃၀၅)ဦးဝင်ရောက် ဖြေဆိုခဲ့ပြီး ကျား (၆၀)ဦး၊ မ(၅၉)ဦး၊ ပေါင်း(၁၁၉)ဦး ပျက်ကွက်ခဲ့သည်။ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၆၄) ရာခိုင်းနှုန်း ရှိသည်။ စာစစ်ဌာနများတွင် အပြင်စည်းအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများကူညီပံ့ပိုးပေးလျက်ရှိပြီး အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)