ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ဝါးခယ်မ မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စာစစ်ဌာန(၁၂)ခုရှိရာ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား/သူများ အဆင်ပြေမှုရှိ‌‌စေရန် စစ်ဆေး‌ဆောင်ရွက်မှုများကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစွမ်းထက်နှင့် အဖွဲ့ဝင်တို့က သွား‌ရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခုတို့၌ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ‌‌ဝင်ရာက်ဖြေဆိုမည့် ကျောင်းသား(၈၅၇)ဦး၊ ကျောင်းသူ(၁၁၆၉)ဦးနှင့် စုစုပေါင်း(၂၀၂၆)ဦး၊ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား(၇၈)ဦး၊ ကျောင်းသူ(၇၆)ဦး၊ စုစုပေါင်း (၁၅၄)ဦးရှိပြီး ဝါးခယ်မမြို့နယ် စာစစ်ဌာနအသီးသီးတွင် တာဝန်ကျဆရာ/ဆရာမများအား အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ အလျင်အမြန် အကြောင်းကြားရန်နှင့် လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း