သတင်းများ

မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ၃၀ ရက်နေ့မှ ဧပြီ၉ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က မောက်မယ်စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူများ ယနေ့နံနက်(၉) နာရီက အေးချမ်းစွာ စတင်လာရောက်ဖြေဆိုကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
Mar 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စာစစ်ဌာန (၁၂)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ချောက်၌ စိုက်ပျိုးရေး၊​ မွေးမြူရေး ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
Mar 31,2022
ချောက်မြို့နယ်၊ ကြီးနီကျေးရွာအား စိုက်ပျိုး​​ရေး၊​ မွေးမြူ​ရေး​​ ခေတ်မီစံပြ‎​ကျေးရွာအဖြစ် အ‎ကောင်အထည်‎​ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်နေ့ရက်များ၌ မီးလန့်မှုနှင့်မီးပေါ့ဆမှုမရှိစေရန်အတွက် အသိပေးနှိုးဆော်
Mar 31,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့များအတွင်း စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့်စာဖြေဆိုနိုင်ရန် အတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေနှင့်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ကြစေရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ မိုဘိုင်းဖုန်းဖြင့် သတင်းရုပ်သံ ရိုက်ကူး၊ တည်းဖြတ်၊ ပေးပို့ခြင်းသင်တန်း ဖွင့်လှစ်
Mar 31,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့၊ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအဖွဲ့များပူးပေါင်းကာ မိုဘိုင်းဖုန်းဖြင့် သတင်းရုပ်သံ ရိုက်ကူး၊ တည်းဖြတ်၊ ပေးပို့ခြင်း သင်တန်း(၁/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး၌ ကြံများဝယ်ယူမှု များလာသဖြင့် ကြံစိုက်တောင်သူများ ရောင်းအားကောင်း
Mar 31,2022
ရွှေစက်တော် ဘုရားပွဲတော်ရာသီနှင့် အပူရှိန်ပြင်းလာသဖြင့် ကြံရည်စက်များမှ ကြံများ အသုံးများ လာကြသည်။